Events
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာ့ရော်ဘာထုတ်လုပ်မှုနှင့် ဈေးကွက်ဝင် ရောက်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
Updated At: 2024-01-30 12:45:24

လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် “ရော်ဘာအရည်အသွေးမြှင့်တင်ခြင်းနှင့် ရော်ဘာလုပ်ငန်းများ အတွက် ဈေးကွက်သုတေသနပြုလုပ်ခြင်းစီမံကိန်း” အစီအစဉ်အရ “မြန်မာ့ရော်ဘာထုတ်လုပ်မှုနှင့် ဈေးကွက်ဝင်ရောက်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၈:၀၀ နာရီအချိန်၌ မော်လမြိုင်မြို့၊ တော်ဝင်မော်လမြိုင်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ မော်လမြိုင်မြို့ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ မွန်ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် တာဝန်ရှိသူ များ၊ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးပို့ချမည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင် များ စုစုပေါင်း(၇၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းတို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲအစီအစဉ်ကို နံနက် (၀၉:၀၀) နာရီအချိန်တွင် စတင်ဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံ၊ Chinese Academy of Tropical Agricultural Sciences မှ အကြီးတန်း သုတေသနအရာရှိ Mr. Mo Ye Yong ၊ ထိုင်းနိုင်ငံ ရော်ဘာအာဏာပိုင်အဖွဲ့ (Rubber Authority of Thailand-RAOT) မှ ရော်ဘာထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးသုတေသနဌာနအကြီးအကဲ Dr. Wittaya Prommee နှင့် စိုက်ပျိုးရေး သုတေသနရာရှိ Mr. Thongchai Khaeduang တို့ကအရည် အသွေးမီရော်ဘာများ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ရော်ဘာစံချိန်စံညွှန်းများ၊ ရော်ဘာမျိုးထုတ်လုပ်ခြင်း၊ စနစ်တကျရော်ဘာ အစေးခြစ်ခြင်းနှင့် ရော်ဘာကုန်ကြမ်းများဈေးကွက်သို့ တင်ပို့ခြင်းစသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချပေးခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့အစီအစဉ်အဖြစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မော်လမြိုင်မြို့ ရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် စိုက်ခင်းများ၊ ရော်ဘာထုတ်လုပ်သည့် စက်ရုံ/ အလုပ်ရုံများသို့ ကွင်းဆင်းလေ့လာရေး သွားရောက်မည်ဖြစ်ပါသည်။
Event Details
- Date
- 30th to 31st January 2024
- Location
- Mawlamyine, Mon State
- Website
- www.myantrade.gov.mm
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025